မုဒုံမြို့ကိုယ်စားကျေးဇူးတင်ပါတယ်...မုဒုံမြို့ပေါ်မှာလမ်းမီးမထွန်းနိုင်တာ နှစ်ပေါင်းဆယ်ချီကြာနေပြီလို့ထင်ပါတယ်။ အခုတော့မုဒုံမြို့မှာ လမ်းမီးတွေလင်းလာတော့ လူတွေ အထူးဆန်းလိုထွက်ကြည့်လိုကြည့်၊ အံ့သြသလို မျိုးတွေ တွေ့ရတယ်။
မြို့သားတွေ မျက်နှာမှာ ၀မ်းသာကြည်နုးဖြစ်နေတာတွေ့ရတာကိုတော့အတိုင်းမသိ ပီတိဖြစ်မိပါတယ်။ တကယ်တော့ ကျနော်တို့ လဲဘာမှ လုပ်ပေးနိုင်သေးတာမဟုတ်ပေမဲ့ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ပါ့မယ်။ လိုအပ်ချက်တွေ ရှိနေသေးတဲ့ ရပ်ကွက်တွေအထိထပ်မံဖြည့်စွက်လုပ်ပေးရပါအုံးမယ်။ အဓိကပြောချင်တာကတော့ အခုဒါမျိုးတွေ လုပ်နိုင်အောင် ပံ့ပိုးနိုင်တဲ့ဘက်ကနေအစွမ်းကုန်ပံ့ပိုးကူညီအပြုသဘောဆောင်ခဲ့ကြတဲ့ ဌာနဆိုင်ရာလူကြီးများ၊အထူးသဖြင့် မြို့နယ်စည်ပင်အရာရှိ ဦးခင်မောင်သန်း၊ မြို့ယာလျှပ်စစ်ဌာနမှ ဦးလင်းလင်းထွန်းတို့ကို
အထူးကျေးဇူးတင်ပါတယ်။ သူ့ဘက်အခက်ခဲ ၊ ကိုယ့်ဘက်အခက်ခဲတွေဆိုတာ ရှိတတ်ကြပါတယ်။ အခုလို မြန်မြန်ဆန်ဆန်လုပ်နိုင်အောင်ပ့
ံပိုးကူညီခဲ့တာကို ကျေးဇူးတင်သလို နောင်များမှာလဲ အတူတကွ
ပူးပေါင်းကူညီပေးကြမယ်လိုယုံကြ
ည်မိပါတယ်။ မုဒုံသူမုဒုံသားများကိုလည်းအသင်းကိုယ်စားကျေးဇူးတင်ရှိပါ
တယ်။ စိတ်ပါလက်ပါကူညီခဲ့ကြတဲ့ အသင်းအမှုဆောင်များနဲ့လုပ်အားပေးလူငယ်များ၊ အီးပီစီ
ဝန်ထမ်းများကိုလည်းကျေးဇူးတင်ပါတယ်။ အလုပ်တွေ ဆက်တိုက်လုပ်ကြဘို့ကိုလဲတစ်ချိန်
တည်းနိုးဆော်ပါတယ်။ မုဒုံမြို့အတွက်ဒီထက်မကလုပ်သင့်တဲ့ကိစ္စတွေ ရှိပါသေးတယ်။ ဆက်လုပ်ကြရအောင်ပါ။
ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
No comments:
Post a Comment