photo mudontu_zps19921382.gif

Sunday, September 22, 2013

ကန်ကြီးရေအိမ်သာဆောက်လုပ်ရေး...

ဒီကနေအစပြုခဲ့တဲ့ရေအိမ်သာလေးဘာလိုလိုနဲ့ တော်တော်ကြာသွားပြီ။ အခုရေအိမ်သာပုံလေးတွေတင်ပေးလိုက်တယ်.
 အောက်ခံစလက်လည်းပြီးပြီ။ နောက်ဆုံးအလုပ်ဖြစ်တဲ့ကြွေပြားကပ်မယ်။ ဘိုထိုင်
တပ်မယ်။ ဘေစင်တပ်မယ်။ ဆေးသုတ်မယ်။ အသေးစိတ် နဲ့ စိတ်ရှည်ရှည်လုပ်ခဲ့ရတဲ့ပိုက်တွေပျောက်စေချင်လို့လုပ်ခဲ့တာလည်းပြီးပြီ။ စိတ်ချရပြီဆိုတော့မှ အောက်
 ခံစလက်ပြားလေးလောင်းလိုက်တယ်။ သီတင်းကျွတ်အမှီ ပြီးတော့မှာပါ.။ နဲနဲလေးလုပ်စရာရှိတာ လုပ်ပြီးရင် အကုန်လက်စသတ်နိုင်ပြီထင်ပါတယ်။ လက်ရှိ ရေတွင်းလေးကိုဖြိုပြီး ပြန်ဖျောက်ရမှာမို့ဖြိုလိုက်ပြီ။အဲဒီပုံကနောင် မရှိတော့
 မဲ့ရေတွင်းနေရာဘဲ။ ရေပိုက်တန်းကြီးလဲမြေမြုပ်လိုက်ရင်ရှင်းသွားမယ်။ကူညီပံ့ပိုးခဲ့သူ .အားပေးခဲ့သူများကို ကျေးဇူးအများကြီးတင်ပါတယ်.။(ဆက်လက်လှူဒါန်းချင်သောစေတနာရှင်များadminများနဲ့ ဆက်သွယ်နိုင်ပါသည်....(Ye Lynn) (Htin Kyaw Min)( Min Thet Paing)( Naung Min Aim) (Ko Oo)

သို့ မဟုတ်Asia Beads(ဒေါက်တာညီညီ)နဲ့ လည်းဆက်သွယ်လှူဒါန်းတိုင်ပါသည်ခင်ဗျား.....









Saturday, September 21, 2013

မုဒုံသူမုဒုံသားများညီညွတ်မှု

 မုဒုံမြို့ကိုယ်စားကျေးဇူးတင်ပါတယ်...မုဒုံမြို့ပေါ်မှာလမ်းမီးမထွန်းနိုင်တာ နှစ်ပေါင်းဆယ်ချီကြာနေပြီလို့ထင်ပါတယ်။ အခုတော့မုဒုံမြို့မှာ လမ်းမီးတွေလင်းလာတော့ လူတွေ အထူးဆန်းလိုထွက်ကြည့်လိုကြည့်၊ အံ့သြသလို မျိုးတွေ တွေ့ရတယ်။
 မြို့သားတွေ မျက်နှာမှာ ၀မ်းသာကြည်နုးဖြစ်နေတာတွေ့ရတာကိုတော့အတိုင်းမသိ ပီတိဖြစ်မိပါတယ်။ တကယ်တော့ ကျနော်တို့ လဲဘာမှ လုပ်ပေးနိုင်သေးတာမဟုတ်ပေမဲ့ လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ပါ့မယ်။ လိုအပ်ချက်တွေ ရှိနေသေးတဲ့ ရပ်ကွက်တွေအထိထပ်မံဖြည့်စွက်လုပ်ပေးရပါအုံးမယ်။ အဓိကပြောချင်တာကတော့ အခုဒါမျိုးတွေ လုပ်နိုင်အောင် ပံ့ပိုးနိုင်တဲ့ဘက်ကနေအစွမ်းကုန်ပံ့ပိုးကူညီအပြုသဘောဆောင်ခဲ့ကြတဲ့ ဌာနဆိုင်ရာလူကြီးများ၊အထူးသဖြင့် မြို့နယ်စည်ပင်အရာရှိ ဦးခင်မောင်သန်း၊ မြို့ယာလျှပ်စစ်ဌာနမှ ဦးလင်းလင်းထွန်းတို့ကို

အထူးကျေးဇူးတင်ပါတယ်။ သူ့ဘက်အခက်ခဲ ၊ ကိုယ့်ဘက်အခက်ခဲတွေဆိုတာ ရှိတတ်ကြပါတယ်။ အခုလို မြန်မြန်ဆန်ဆန်လုပ်နိုင်အောင်ပံ့ပိုးကူညီခဲ့တာကို ကျေးဇူးတင်သလို နောင်များမှာလဲ အတူတကွ
ပူးပေါင်းကူညီပေးကြမယ်လိုယုံကြည်မိပါတယ်။ မုဒုံသူမုဒုံသားများကိုလည်းအသင်းကိုယ်စားကျေးဇူးတင်ရှိပါ
 တယ်။ စိတ်ပါလက်ပါကူညီခဲ့ကြတဲ့ အသင်းအမှုဆောင်များနဲ့လုပ်အားပေးလူငယ်များ၊ အီးပီစီ
ဝန်ထမ်းများကိုလည်းကျေးဇူးတင်ပါတယ်။ အလုပ်တွေ ဆက်တိုက်လုပ်ကြဘို့ကိုလဲတစ်ချိန
 တည်းနိုးဆော်ပါတယ်။ မုဒုံမြို့အတွက်ဒီထက်မကလုပ်သင့်တဲ့ကိစ္စတွေ ရှိပါသေးတယ်။ ဆက်လုပ်ကြရအောင်ပါ။
ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။Asia Beads

Monday, September 16, 2013

အင်ဂျင်နီယာစာအုပ်များ

အင်ဂျင်နီယာများအတွက်တကယ်ကိုအသုံးဝင်တဲ့စာအုပ်လေးတွေပါ..ဒီဆိုဒ်မှာသွားဒေါင်းလို့ ရပါတယ်
 http://www.mmithelper.com/2013/09/blog-post_14.html

Tuesday, September 10, 2013

ဟောင်ကောင်သူဌေးကြီးလီကာရှင်းရဲ့ မှတ်သားဖွယ်စကားများ

သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။

ကြိုက်လွန်းလိုပြန်ရှယ်လိုက်တာပါ။

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။
...
၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့်
နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။


credit to Career Hope Opportunity -CHO


မွန်ပြည်နယ်သံဃာများမော်တော်ယဉ်နှင့်ဆိုင်ကယ်မောင်းပါကအရေးယူမည်

မော်လမြိုင်၊ စက်တင်ဘာ ၆...

လိုင်စင်မဲ့ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အရှင်သာသနက The Voice သို့ မိန့်ကြားသည်။

မော်တော်ယာဉ်မောင်းနှင်သည့် သံဃာတော်များကို မွန်ပြည်နယ် သာသနာတော် ထိန်းသိမ်းအရေးအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က စိစစ် ဖမ်းဆီးသွားမည်ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံရသည့် သံဃာများ လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထမ်မံ ဖမ်းဆီးခံရပါက မွန်ပြည်နယ် သံဃနာယက အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း များအတိုင်း အရေးယူမည်ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

မွန်ပြည်နယ် အတွင်းတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းနေသည့် သံဃာ အတုအယောင်များ ရှိနေခြင်းကြောင့် ယင်းသို့စီစဉ်ရခြင်း ဖြစ်ကြောင်း အရှင်သာသနက ဆိုသည်။

ဖမ်းဆီးခြင်းခံရသည့် သံဃာများကို မော်တော်ယာဉ် တည်ဆဲဥပဒေအရသာ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လိုင်စင်မဲ့ ယာဉ်မောင်းနှင်သည့် သံဃာများကို သွင်းကုန်ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်တွင် ဘုန်းကြီးကျောင်း ၂၈၁၃ ကျောင်းနှင့် သံဃာပေါင်း ၇၇,၇၀၇ ပါးရှိကြောင်း မွန်ပြည်နယ် သံဃနာယက အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly ဂျာနယ်မှယခုလိုဖေါ်ပြထားပါသည်....SaNay Tun https://www.facebook.com/groups/172706626143794/..MudonသူMudonသားများGroup

ထိုင်ခုံ.....???????????

ထိုင်ခုံ တစ်ခုနဲ့ ရာထူးဆိုတာထက်
 ထိုင်ခုံပေါ်မှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့
 တာဝန်ယူရဲတဲ့စိတ်.. ဆုံးဖြတ်နိုင်စွမ်းရှိတဲ့စိတ်
ထက်မြက်မှု ရှိအောင် လေ့ကျင့်ထားတဲ့ ညဏ်ရည်တွေက ပိုအရေးကြီးတယ်
 စာရွက်တွေကြောင့် ထိုင်ခုံရလာရင်
 ဖားတတ်တာကြောင့် ထိုင်ခုံ ရလာရင်
 လုယူတတ်လို့..သူတစ်ပါးကို ချနင်းတတ်လို့
 ထိုင်ခုံရလာရင်..
အဲဒါက တကယ်တော့.. ထိုင်ခုံသက်သက်ပဲ
 တကယ့် တကယ် အရည်အချင်းရှိသူဟာ...
ထိုင်ခုံနေရာကို.. မမက်မောဘူး...
ဘာကြောင့်လဲဆိုတော့.. သူတို့ဟာ..
ဘယ်နေရာမှာဆို.. ထိုင်ခုံတစ်နေရာစာ သူတို့အတွက်
 အဆင်သင့်ရှိတယ်ဆိုတာ.. သိကြတယ်.
ဒါကြောင့် ထိုင်ခုံလုနေမယ့်အစား
 ဘယ်နေရာ ရောက်ရောက် ထိုင်ခုံတစ်ခု ရှိနေမယ့်သူပဲ
 ဖြစ်အောင်ကြိုးစားစမ်းပါ ။

(မိုးယံမင်းလွင်)